VEG CAP ၏ ဆောင်ရွက်ချက်များအနေဖြင့် ဒုတိယအကြိမ်မြောက် ကျွမ်းကျင်ဆရာဖြစ်သင်တန်း ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုမြို့တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၅ ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ Wageningen တက္ကသိုလ်နှင့် အပင်သုတေသနအဖွဲ့မှ စိုက်ပျိုး ရေး သုတေသနပညာရှင် Mr. Derk van Balen မှ သီးလှည့်စိုက်ပျိုးခြင်း၊ မြေဆီလွှာအရည်အသွေးနှင့် မြေဆီလွှာသန့်ရှင်းကောင်းမွန်မှု၊ မြေဆီလွှာကို မျက်မြင်စမ်းသပ် အကဲဖြတ်ခြင်းဆိုင်ရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ဟင်းသီးဟင်းရွက်ကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသော ကျွမ်းကျင်ဝန်ထမ်း ၂၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းပြီးဆုံးပါက အခြား တိုးချဲ့ပညာပေးဆောင်ရွက်သူများ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ဟင်းသီးဟင်းရွက်တောင်သူများအား မျှဝေခြင်း၊ အကြံပေးဝန်ဆောင်မှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများတွင် မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနမှ တိုးချဲ့ပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဆရာ/ဆရာမများ၊ NGO မှ ပညာပေးဝန်ထမ်းများအပြင် East West မှ နည်းပညာပေးဝန်ထမ်းများ၊ အရောင်းမြှင့်တင်ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် သင်တန်းသားများက မိမိတို့ဒေသမှ မြေနမူနာများ ယူလာပြီး မြေအမျိုးအစား ခွဲခြားခြင်း၊ အနီးအနားရွာတွင် မြေနမူနာယူပြီး မြေဆီလွှာအရည်အသွေး စစ်ဆေးခြင်း စသည့် လက်တွေ့စမ်းသပ်မှုများပြုလုပ်သည့်အပြင် အနီးအနားကျေးရွာများမှ စိတ်ဝင်စားသော ဟင်းသီးဟင်းရွက်တောင်သူများပါဝင်ပြီး ကွင်းလှုပ်ရှားမှုများ  ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ သင်တန်းနောက်ဆုံးရက်တွင် စာမေးပွဲ ဖြေဆိုရခြင်းဖြင့် သင်တန်းသားများ၏ နားလည်မှုအတိုင်းအတာကို အကဲဖြတ် သုံးသပ်ခဲ့ပါသည်။

သင်ခန်းစာများကိုလည်း မြန်မာဘာသာဖြင့်ပြန်ဆိုထားခြင်း၊ သင်တန်းဆရာပြောကြာသင်ကြားချက်များကို မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးခြင်းတို့ကြောင့် သင်တန်းသားများ အလွယ်တကူ နားလည်နိုင်ကြ