Omnivent Techniek သည် VegImpact ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကြက်သွန်နီသိုလှောင်မှု စနစ် (၂) စုံကို မြန်မာနိုင်ငံသို့ မကြာသေးမီက ပေးပို့ထားပါသည်။ မြန်မာနိုင်ငံရှိ ကြက်သွန်နီ ကုန်သည်များနှင့် တွေ့ဆုံခဲ့ပြီးနောက် (ပုံ ၁ တွင် ရှု) VegImpact နှင့် Omnivent တို့သည် မြင်းခြံနှင့် ပခုက္ကူ ဒေသများရှိ ကြက်သွန်နီကုန်သည် (၂) ဦးတို့ဖြင့် ၎င်းတို့၏ မိရိုးဖလာသိုလှောင်ရုံများတွင် ၂၀၁၉ ခုနှစ်၌ သရုပ်ပြသိုလှောင်မှုတစ်ရပ် ပြုလုပ်ရန် သဘောတူညီခဲ့ပါသည်။ Omnivent ၏ အင်ဂျင်နီယာ အဖွဲ့သည် သိုလှောင်မှုစနစ်များကို ရွေးချယ်ထားသည့် ရှေ့ပြေးဒေသများအတွက် ကိုက်ညီစေရန် လိုအပ်သည့် ပြင်ဆင်ချိန်ညှိမှုများအား နယ်သာလန်နိုင်ငံ၌ ပြန်လည် လုပ်ဆောင်ခဲ့ပါသည်။

(၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်)  မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်နှင့် ကြက်သွန်နီကုန်သည် (၂) ဦး၏ ကုန်လှောင်ရုံများ၌ သိုလှောင်မှုစနစ်များကို တပ်ဆင်သွားမည်ဖြစ်သည်။ (မိုးရာသီကြက်သွန်နှင့်အတူ) ဇန်နဝါရီလ မှ မတ်လ အထိ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး မတ်လအကုန်၌ ဆောင်းရာသီကြက်သွန်စိုက်ပျိုးချိန်တွင် သိုလှောင်မှုစနစ်ကို တရားဝင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ သိုလှောင်ထားသည့် ကြက်သွန်နီများ၏ အရည်အသွေး၊ သက်တမ်းကြာရှည်ခံမှုနှင့် ဈေးကွက်ပေါက်ဈေး ရရှိမှုတို့ကို မိရိုးဖလာနည်းလမ်း (ရာသီဥတုဆိုင်ရာ အထိန်းအကွပ်မပါဝင်သည့် ဝါးတဲများ (ပုံ ၂ နှင့် ပုံ ၃ တို့ တွင်ရှု) ဖြင့် သိုလှောင်ထားသည့် ကြက်သွန်နီများနှင့် နှိုင်းယှဉ်သွားမည်ဖြစ်သည်။)