Advance Consulting မှ Frank Joosten Joosten သည် ဟင်းသီးဟင်းရွက် ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစု VSAT အစည်းအဝေးတွင် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်ကဏ္ဍအတွက် ဒတ်ရှ်နိုင်ငံ၏ပံ့ပိုးမှု စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၇ အစောပိုင်းတွင် စတင်မည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်ကုန်စည်ကွင်းဆက် ရှေ့ပြေးစီမံကိန်းများ (Veg Impact) နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ (Veg Cap) ဟူ၍ ဆက်စပ်နေသော စီမံကိန်း ၂ ခု ပါဝင်သည်။

ထိုရှေ့ပြေးစီမံကိန်းများ၏ ၂၀၁၇ တွင် အကောင်အထည်ဖော်ရန် လျာထားချက်များများမှာ

  • မကွေးဒေသကြီးတွင်
    – ခရမ်းချဉ် ထုတ်လုပ်မှုနှင့် ကုန်စည်ဈေးကွက် အဆင့်မြှင့်ခြင်း
    – ကြက်သွန်နီ ထုတ်လုပ်မှုနှင့် သိုလှောင်မှု အဆင့်မြှင့်တင်ခြင်းများ
  • မြင်းခြံဒေသတွင
    – လက်ရှိအနေအထားများ၍ ပိုကောင်းသောကြက်သွန်နီ မျိုးအသစ်များ စမ်းသပ်ခြင်း
    – ကြက်သွန်နီ သိုလှောင်မှု အဆင့်မြှင့်တင်ခြင်းများ
  • ရန်ကုန်တိုင်းတွင်:
    – ပဲတီစိမ်း ထုတ်လုပ်မှု အဆင့်မြှင့်တင်ခြင်းနှင့် ဥရောပ ပဲပင်ဖောက်ဈေးကွက်သို့ တင်ပို့နိုင်ရန် ချိတ်ဆက်ခြင်းများ ပါဝင်သည်။

စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ (Veg Cap) နှင့် ပတ်သက်၍ ၀ဂ္ဂနင်ဂမ်တက္ကသိုလ် အပင်သုတေသနဌာနမှ ကျွမ်းကျင်ပညာရှင်များမှ စီစဉ်ထားရှိမှုများ၊ ပထမအသုတ် သင်တန်းတွင် ပါဝင်မည့်သင်တန်းသားရွေးချယ်ပြီးစီးမှုများကို Frank က VSAT ပင်မအဖွဲ့သို့ ရှင်းလင်းတင်ပြခဲ့သည်။ ပထမအသုတ် ဆရာဖြစ်သင်တန်းဝပ်ရှော့များကို ၂၀၁၇ခု သြဂုတ်လနောက်ပိုင်းတွင် စတင်နိုင်ရန် စီစဉ် ထားရှိသည်။

VSAT ပင်မအဖွဲ့ အစည်းအဝေးကို တတိယအကြိမ် ဟင်းသီးဟင်းရွက် ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစု အစည်းအဝေးအပြီး နောက်ရက်တွင် နေပြည်တော် သင်္ဂဟဟိုတယ်လ်တွင် ဆက်လက်ကျင်းပခဲ့သည်။ VSAT ဥက္ကဌ ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်ကဏ္ဍအတွက် ဒတ်ရှ်နိုင်ငံ၏ပံ့ပိုးမှု စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်အဖွဲ့များအား မြန်မာကုမ္ပဏီများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အားပေးပြောကြားခဲ့သည်။ လုပ်ငန်းတိုးတက်မှုများ၊ အကျိုးသက်ရောက်မှုများကို VSAT မှ ပူးပေါင်းဆောင်ရွက်ခြင်း မျှဝေခြင်းများအတွက် ကွန်ယက်ကောင်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဟု အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။